ဗာဂျင်းနီးယား အဓိကရုဏ်း လက်ယာစွန်းတွေကို အိမ်ဖြူတော်ရှုံ့ချ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗာဂျင်းနီးယား အဓိကရုဏ်း လက်ယာစွန်းတွေကို အိမ်ဖြူတော်ရှုံ့ချ

  • 14 ဩဂုတ် 2017

အမေရိကန်ပြည်ထောင်စုက ဗာဂျင်းနီးယားမှာ ပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ လက်ယာ အစွန်းရောက် အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ဒုတိယ သမ္မတ မိုက်ခ် ပဲန့်စ်က ရှုံ့ချလိုက်ပါတယ်။ အဲဒီ အဓိကရုဏ်းတွေအတွင်းမှာ လူအုပ်ထဲကို ကားတစင်းက အရှိန်နဲ့ဝင်မောင်းပြီး တိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ သမ္မတ ထရမ့်ကတော့ဒါနဲ့ပတ်သက်လို့ ဘယ်အဖွဲ့တွေပါဝင်လည်း ဆိုတာ ထည့်မပြောဘဲနေခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။