ဆော်ဒီမင်းသားတွေ ပျောက်ဆုံး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆော်ဒီမင်းသားတွေ ပျောက်ဆုံး

  • 15 ဩဂုတ် 2017

ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ မဟာမိတ် နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဆော်ဒီအာရေဗျဟာ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတာပါ။ သူတို့ကို ဆန့်ကျင်သူတွေဟာလည်း တော်ဝင်မိသားစု ဝင်ပင် ဖြစ်စေဦးတော့ ဖိနှိပ် ခံရပါတယ်။ ဒီလို လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဘီဘီစီ အာရဗီ ဘာသာ ဌာနက တွေ့ရှိခဲ့ပါတယ်။ ဆော်ဒီ အုပ်ချုပ်ရေး စနစ်ကို ဝေဖန်ခဲ့တဲ့ မင်းသား ၃ ဦးဟာ ဥရောပ ကိုရောက်နေစဉ်မှာ ပြန်ပေးဆွဲ အဖမ်းခံခဲ့ရပြီး ဆော်ဒီအာရေဗျကို အတင်းပြန်ပို့ ခံခဲ့ရတယ် ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်း ဒီမင်းသားတွေ နဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားရတော့ပါဘူး။ အဲဒီ မင်းသား တွေနဲ့ အတူ အဖမ်းခံခဲ့ရတဲ့ ဥရောပသားတွေနဲ့ အမေရိကန် တွေနဲ့ အတူ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံမှာကို စိုးရိမ်နေတဲ့ ဂျာမနီမှာ နေတဲ့ ဆော်ဒီ မင်းသား တပါးကို ဘီဘီစီက တွေ့ဆုံနိုင်ခဲ့ပါတယ်။ ကို မင်းထက် က ပြောပြမှာပါ။