စတမ်းဆဲလ် သိမ်းဆည်းပေးတဲ့ ဘဏ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စတမ်းဆဲလ် သိမ်းဆည်းပေးတဲ့ ဘဏ်

  • 16 ဩဂုတ် 2017

စတမ်းဆဲလ် တွေရဲ့ အသုံးဝင်ပုံကို လေ့လောနေကြဆဲပါ။ ဒါပေမယ့် အနာဂတ်မှာ ဒီစတမ်းဆဲလ်တွေကို သုံးပြီး မျိုးဗီဇနဲ့ ဆိုင်တဲ့ ရောဂါတွေကို ကုသနိုင်မယ်၊ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို ပြန်လည် တည်ဆောက်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း နေထိုင်နေတဲ့ အိန္ဒိယ မှာ တော့ဒီလို စတမ်းဆဲလ်ကို လာရောက် လှူဒါန်းသူဟာ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။

အခုတော့ ကုမ္ပဏီတချို့က စတမ်းဆဲလ်တွေကို အခကြေးငွေယူပြီး သိမ်းဆည်း ပေးနေကြပါတယ်။ ဒီလို စတမ်းဆဲလ်တွေကိုသိမ်းဆည်းထားခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးရနိုင်ပါမလဲ။ မစန္ဒာ စန်းမောင်က ပြောပြမှာပါ။