အိုင်အက်စ်က ကလေးစစ်သားတွေ ဥရောပမှာ ပြန်လာနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုင်အက်စ်က ကလေးစစ်သားတွေ ဥရောပမှာ ပြန်လာနေ

  • 17 ဩဂုတ် 2017

အစ္စလာမ်မစ် နိုင်ငံအဖွဲ့ စစ်မြေပြင်မှာ တော်တော်ကို အရေးမလှ ဖြစ်ခဲ့ရပြီးတဲ့ နောက်မှာ တော့ နောက်ဆက်တွဲ ပြဿနာ တခုထပ်ပေါ်လာပြန်ပါတယ်။ ဒါကတော့ သူတို့တပ်ဖွဲ့ဝင်တွေ အိမ်ပြန်ရေး ကိစ္စပါ။ အိုင်အက်စ်ဆီမှာ စစ်သင်တန်း လာတက်ခဲ့ကြတဲ့ ကလေး ပေါင်း ၂၀၀၀ ထက်မနည်းရှိနေပြီး သူတို့တွေကို တိုက်ခိုက်တတ်အောင်နဲ့ အသေခံဗုံးခွဲတတ်ဖို့တွေကိုပါ လေ့ကျင့်ပေး ထားတာဖြစ်ပါတယ်။ အဲဒီထဲက တချို့ဟာ အခုဆို ဥရောပ မှာနေထိုင်နေကြပြီး အာဏာပိုင်တွေကလည်း သူတို့ရဲ့အတိတ်ကို မသိကြတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။