အစိုးရ ရဲ့ အပစ်ရပ် စာချုပ် NCA က အလုပ်ဖြစ် နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစိုးရ ရဲ့ အပစ်ရပ် စာချုပ် NCA က အလုပ်ဖြစ်

  • 18 ဩဂုတ် 2017

အစိုးရ ရဲ့ အပစ်ရပ် စာချုပ် NCA က အလုပ်ဖြစ် နေတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း တုန်း က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ ရန်ကုန် မှာ ဆွေးနွေးခဲ့တဲ့ ရလဒ် ကလည်း အလားအလာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲတွေမှာ တစ်ခါတည်း ယတိပြတ် ဆုံးဖြတ်ချက် မပေးနိုင် ခဲ့ပေမယ့် အစိုးရ ကို တင်ပြ ပြီးတဲ့ အခါမှာ နောက်ထပ် ရလဒ်ကောင်းတွေ ပေါ်ထွက် လာဖို့ သူက မျှော်လင့် ထားပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် ရဲ့ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်ကို ဘီဘီစီ မြန်မာပိုင်း ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေ က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။