ဝါရှင်တန်က တမူထူးတဲ့ စားသောက်ဆိုင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝါရှင်တန်က တမူထူးတဲ့ စားသောက်ဆိုင်

  • 21 ဩဂုတ် 2017

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်က အစားအသောက်တွေကိုအိမ်တိုင်ရာရောက် ပို့ပေးတဲ့ FOODHINI ဟာ တခြား ဆိုင်တွေနဲ့မတူ တမူထူးပါတယ်။ အဲဒီက စားဖိုမှူးတွေဟာ အမေရိကန် ပြည်ပေါက်တွေ မဟုတ်ဘဲ ဆီးရီးယားက စလို့ အရှေ့တောင်အာရှအထိ ကမ္ဘာအရပ်ရပ်က ရောက်လာသူတွေပါ။ ဆိုတော့ မှာတဲ့သူတွေကလည်း အမယ်စုံ ကိုယ်ကြိုက်တာရွေးလို့ ကမ္ဘာ့အစားအသောက် တွေကို မှာယူနိုင်ကြသလို အဲဒီ အမယ်တိုင်းဟာလည်း သူ့ချက်တဲ့သူရဲ့နောက်ကြောင်းရာဇဝင်လေးတွေနဲ့လို့ ဆိုပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။