အလာစကာ မုဆိုးတွေ ဝက်ဝံပြန်လိုက်ခွင့်ရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလာစကာ မုဆိုးတွေ ဝက်ဝံပြန်လိုက်ခွင့်ရ

  • 21 ဩဂုတ် 2017

အမေရိကန် ပြည်ထောင်စုက အလာစကာ ပြည်နယ်မှာမုဆိုးတွေ ဝက်ဝံ လိုက်ခွင့် ပြန်ရသွားပြီဖြစ်ပါတယ်။

ဝက်ဝံတွေကို အကောင်ငယ်လေးတွေ အစ ဆောင်းခိုနေတဲ့ အကောင်တွေပါ မချန်ဘဲ ပစ်ခွင့်ရတော့မှာပါ။

အရင် သမ္မတ ဟောင်းအိုဘားမားက မပစ်ရ ထုတ်ထားခဲ့တဲ့အမိန့်ကို လက်ရှိ သမ္မတ ထရမ့်က ဖျက်သိမ်းပြစ်လိုက်တဲ့အတွက်ပါ။ ပရဟိတ စောင့်ရှောက်ရေး အဖွဲ့တွေကတော့ မလုပ်သင့်ဘူး ပြောကြပါတယ်။ မုဆိုးတွေကတော့ သဘာဝ ပတ်ဝန်းကျင်အတွက် ကူညီရာ ရောက်တယ် ဆိုပြီးတောင် ပြောကြပြန်ပါတယ်။ အဲဒီက အမျိုးသား ဥယျာဉ်တခုကို ဘီဘီစီက ရောက်ရှိခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။