ဘီဘီစီ ပဟေဠိ အဖြေညှိ ၁

  • 22 ဩဂုတ် 2017

ပဟေဠိ အဖြေညှိ ကြည့်ကြရအောင်။

အဖြေမှန် ရပါစေ။

Train Your Brain machine

ပဟေဠိ ၁

သင့်မှာ ရွှေချောင်း ခုနစ်ချောင်း ရှိတယ် ဆိုပါစို့။ ဒီထဲက တချောင်းက အတု ဖြစ်ပြီး ကျန်တဲ့ ရွှေချောင်းတွေထက် ပိုပေါ့နေတယ် ။ သင့်မှာ ရှိတဲ့ အလေး ချိန်ခွင်ကိုလည်း နှစ်ခါပဲ သုံးခွင့်ရှိတယ် ဆိုရင် ဒီထဲက ရွှေချောင်း အတုကို ဘယ်လို ရှာမလဲ။

အဖြေ

ချိန်ခွင်ပေါ်မှာ ရွှေချောင်း တဘက်ကို သုံးချောင်းစီ ထားပါ။

အလေးချိန် ညီနေရင်တော့ သင် ဖယ်ထားတဲ့ ရွှေချောင်းက အတု ဖြစ်မှာပါ။

ဒါမှမဟုတ်ပဲ တဘက်က ပေါ့နေရင် အဲဒီဘက်ကို ဖယ်ထားပါ။

ဒီထဲက ရွှေချောင်း နှစ်ချောင်းကို ယူပြီး ချိန်ခွင်မှာ တဘက်စီ ပြန်ထည့်ပါ။

အလေးချိန် ညီနေရင် ချိန်ခွင်ပေါ် မတင်ဘဲ ချန်ထားတဲ့ ရွှေချောင်းက အတု ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင်တော့ ချိန်ခွင်ပေါ်မှာ ပိုပေါ့တဲ့ ဘက်က ရွှေချောင်းက အတု ဖြစ်မှာပါ။