ယီမင်မှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်မှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်

  • 23 ဩဂုတ် 2017

ယီမင် ပြည်တွင်းစစ်ဟာ၃ နှစ် ထဲကိုရောက်လာနေပြီဖြစ်ပြီး ဒီနေ့လည်း သူပုန်တွေ လက်ထဲက ဆာနာမြို့တော်ရဲ့မြောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးသေဆုံး ခဲ့ရပါတယ်။

နောက်ပြီး ညွန့်ပေါင်းတပ်တွေဟာ အဲဒီ မှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မပေးနိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ထားလို့ လူသန်းပေါင်းများစွာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဘီဘီစီက ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဟူဒေတာကို ရောက်ခဲ့ပါတယ်။

အဲဒီမှာ လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ် လိုအပ်ချက်တွေ နဲ့ ကလေးသူငယ်တွေ ခံစားနေရပုံတွေ ကိုမသီဒါနွယ်က ပြန်ပြောပြမှာပါ။