တာလီဘန်ကို မကူဖို့ ပါကစ္စတန်ကို အမေရိကန်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တာလီဘန်ကို မကူဖို့ ပါကစ္စတန်ကို အမေရိကန်ပြော

  • 23 ဩဂုတ် 2017

အမေရိကန် သမ္မတ ထရမ့်က အာဖဂန်က အမေရိကန် တပ်တွေကို ပြန်မရုတ်သိမ်းပဲ တပ်တွေ ထပ်ပြီး လွှတ်သွားမယ်လို့ ပြောလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုနဲ့ စပ်လျင်းပြီး တာလီဘန်တွေကို တိုက်ခိုက် ဖြုတ်ချဖို့ အတွက် အမေရိကန်နဲ့ မဟာမိတ်တွေ အာဖဂန်နစ္စတန်ထဲကို ရောက်လာခဲ့တာပါ။ နေတိုးတပ်ဖွဲ့တွေ အာဖဂန်ကို ရောက်လာခဲ့တာ ၁၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး ဒေါ်လာ ဘီလျံများစွာလည်း သုံးစွဲခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း အာဖဂန် အစိုးရဟာ တချို့ဒေသတွေကို မထိန်းသိမ်း နိုင်ဘဲ တာလီဘန်ကလည်း ခေါင်းပြန်ထောင်လာနေပါတယ်။

အမေရိကန်ကတော့ ဒါဟာ အိမ်နီးချင်းပါကစ္စတန်က သူတို့ထဲမှာ ဒီ စစ်သွေးကြွတွေကိုလက်ခံပေးထား ထောက်ပံ့ပေးထားလို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဘက်ကလည်း ဒါကိုငြင်းပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။