ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အစီရင်ခံစာ သတင်းစာရှင်းလင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်အကြံပေးကော်မရှင် အစီရင်ခံစာ ရှင်း

  • 24 ဩဂုတ် 2017

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ်လ ၂၄ ရက် က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ရဲ့ အဆုံးသတ် အကြံပြုစာကို ပေးအပ်ခဲ့ပြီး ညနေပိုင်းမှာတော့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ စာမျက်နှာ ၁၁၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဘာတွေ တင်ပြထားပါသလဲ။ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေက ပြောပြမှာပါ။