မြန်မာ့အရေး ကမ္ဘာ့အရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုင်းရင်းသားတွေ မြန်မာစိတ် မွေးကြဖို့ ဖြစ်နိုင်မလား

  • 24 ဩဂုတ် 2017

တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ရင် ဥပဒေနဲ့အညီသာ လုပ်ဆောင် ကြရမှာဖြစ်ပြီး တိုင်းရင်းသား အစွဲများမထားပဲ မြန်မာပြည်တွင် နေထိုင်သူ အားလုံး မြန်မာစိတ် မွေးကြရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ချားလ်ဘိုနဲ့ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသွားပါတယ်။

အခုပြောကြားချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေက ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြမလဲ၊ မြန်မာစိတ်မွေး ကြဖို့တိုက်တွန်းချက်ကိုရော ဘယ်လောက် လိုက်နာနိုင်မလဲ။ ဒီအကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး၂ စိုင်းကျော်ညွန့် ဘူးလက်ဂျာနယ် ထုတ်ဝေသူ တပ်မတော် အရာရှိဟောင်း ဉီးလှဆွေနဲ့ ဥပဒေပညာရှင် ဒေါက်တာဆလိုင်း ငုံကျုံးလျံတို့ ပါဝင်ဆွေးနွေး ထားပါတယ်။