ဆမ်ဆောင်း အကြီးအကဲ ထောင်၅နှစ်ကျ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လာဘ်ပေးမှုနဲ့ ဆမ်ဆောင်းသူဌေးကို ထောင်ချ

  • 25 ဩဂုတ် 2017

တောင်ကိုရီးယား နိုင်ငံမှာတော့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ဆမ်ဆောင်းကုမ္ပဏီကြီးရဲ့ ယာယီ အကြီးအကဲကိုတရားရုံးက လာဘ်ပေးမှု၊ ငွေအလွဲသုံးမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးလိုက်ပါတယ်။

ဘီလျံနာ သူဌေး လီဂျေးယုံကို အစိုးရဆီက အခွင့်အလမ်းတွေ ရဖို့အတွက် အရင် သမ္မတဟောင်း ပါဂွမ်ဟဲနဲ့နီးစပ်သူ လူယုံကိုဒေါ်လာ ၆ သန်းဖိုးလောက် မလျော်မကန် ပေးကမ်းခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရတာဖြစ်ပါတယ်။

အခုသတင်းမှာ ဖလက်ရှ်သုံးဓာတ်ပုံ ရိုက်ချက်တွေ ပါလာနိုင်ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။