အိန္ဒိယဂုရုကြီး ထောင် နှစ် ၂၀ ကျ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယဂုရုကြီး ထောင် နှစ် ၂၀ ကျ

  • 28 ဩဂုတ် 2017

အိန္ဒိယ နိုင်ငံမှာ ဘာသာရေးခေါင်းဆောင်တဦးကို သူ့ကို ယုံကြည်သူ အမျိုးသမီး ၂ ဦးကိုမတော်မတရားပြုကျင့်ခဲ့မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်ထဲက အဲဒီ Gurmeet Ram Rahim Singh ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ကို မကျေနပ်ကြလို့ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေအတွင်း လူ၃၈ ဦးသေဆုံးခဲ့ရပါတယ်။ သူ့ကို ဒီလိုပြစ်ဒဏ်ပေး အမိန့်ချလိုက်ပြီး မရှေးမနှာင်းမှာပဲ ဆာဆာ မြို့မှာရှိတဲ့ သူ့ဌာနချုပ် ကျောင်းက လူတွေထွက်လာပြီး ကား၂ စင်းကို မီးရှို့ပြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဦးမောင်မောင်သန်းက ပြောပြမှာပါ။