မြောက်ကိုရီးယားက ဂျပန်ကိုကျော်ပြီး ဒုံးကျည်ပစ်လွှတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယားက ဂျပန်ကိုကျော်ပြီး ဒုံးကျည်ပစ်လွှတ်

  • 29 ဩဂုတ် 2017

မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ဒုံးကျည်တစင်း ပစ်ခတ်ခဲ့ပြီးတဲ့ နောက်မှာ အမေရိကန်သမ္မတ ထရမ့် က ရွေးချယ်စရာ လမ်းတွေအများကြီး ပေးထားတယ်လို့ ပြောလိုက်ပါတယ်။ ဂျပန်ကလည်း ဒီလို ပစ်ခတ်မှုကို ရှုတ်ချလိုက်ပြီး ရုရှားကတော့ အင်မတန်မှ စိုးရိမ်မိတယ်လို့ပြောပါတယ်။

ဒါပေမယ့် ပြုံးယမ်းရဲ့ မဟာမိတ် တရုတ်ကတော့ ဒီကိစ္စမှာ တောင်ကိုရီးယားနဲ့အမေရိကန်တို့မှာလည်းတစိတ်တပိုင်း တာဝန်ရှိနေတယ်လို့ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီအရေးနဲ့ပတ်သက်လို့ ဒီနေ့ အနှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးကျင်းပဖို့ရှိပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။