မြောက်ကိုးရီးယားကို ကုလ ရှုတ်ချ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုးရီးယားကို ကုလ ရှုတ်ချ

  • 30 ဩဂုတ် 2017

မြောက်ကိုးရီးယားကနေ ဂျပန်ပိုင်နက်ကိုဖြတ်ပြီး မစ်ဆိုင်းဒုံး ပစ်လွှတ်ခဲ့မှုဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း စစ်ဆင်ရေးရဲ့ ပထမခြေလှမ်းပဲ ရှိသေးတယ်လို့ မြောက်ကိုးရီးယားဘက်က ပြောပါတယ်။ အမေရိကန်ပိုင် ဂူအမ်ကျွန်းကိုလည်း ကျုးကျော်မှုအခြေစိုက်စခန်းတစ်ခုလို့ ဆိုပြီး မြောက်ကိုးရီးယားက တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အခု ဂျပန်ပိုင်နက်ဖြတ်ပြီး တိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ ဒီအကြောင်း ကိုသက်ထွေးနိုင်က ဆက်ပြောပြမှာပါ။