ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်

  • 30 ဩဂုတ် 2017

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ကို လေးရက်ကြာ တိုက်ခတ်သွားခဲ့တဲ့ ဟာဗီ အပူပိုင်းမုန်တိုင်းကြီးဟာ အခုတော့ မြောက်ပိုင်းကို ဆက်လက်ရွေ့လျား သွားခဲ့ပါပြီ။ ဒီမုန်တိုင်းကြောင့် စံချိန်တင် မိုးရွာသွန်းခဲ့သလို လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် လုယက်ခိုးယူမှုတွေ မဖြစ်အောင် တားဆီးတဲ့ အနေနဲ့ ဟျူစတန်မှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။ သမ္မတထရမ့်လည်း အင်္ဂါနေ့တုန်းက တက်ဆက်ပြည်နယ်ကို သွားရောက်ပြီး မုန်တိုင်းကြောင့် ပျက်စီးမှု အတိုင်းအတာကို ကြည့်ရှုခဲ့ပါတယ်။ အသေးစိတ်ကို ဦးဘမော်က ဆက်ပြောပြမှာပါ။