အာဖရိကမှာ ပျောက်ကွယ်လု ဘာသာစကား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖရိကမှာ ပျောက်ကွယ်လု ဘာသာစကား

  • 30 ဩဂုတ် 2017

အာဖရိကတိုက်မှာ ပြောကြတဲ့ ဘာသာစကားစုစုပေါင်းမှာ ၂ ထောင်လောက် ရှိကြပါတယ်။ ဒါပေမယ့် ဂရိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်တဲ့ ကမ္ဘာလွှမ်းခြုံဖြစ်စဉ်ကြောင့် လူတွေက ခေတ်မီတဲ့ကမ္ဘာကြီးထဲကို ပေါင်းစည်းနေထိုင်လာတာနဲ့အမျှ ရာစုနှစ်တွေချီပြီး ပြောလာကြတဲ့ တချို့ဘာသာစကားတွေက ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ပြောင်းလဲလာနေတဲ့ အာဖရိကအကြောင်း ဘီဘီစီက အထူးအစီအစဉ်တွေအဖြစ် တင်ပြနေရာမှာ ပထမဆုံးတော့ အာဖရိက တောင်ပိုင်းမှာ ပထမဆုံးနေထိုင်ခဲ့ကြတဲ့ ဌာန တိုင်းရင်းသားတွေလည်း ဖြစ်တဲ့ ဆန် လူမျိုးတွေဆီ သွားလေ့လာထားပါတယ်။ သူတို့ဘာသာစကား ဆက်တည်ရှိဖို့ ဘာကြောင့် လိုအပ်သလဲဆိုတာကို ဘီဘီစီက သူတို့ကို မေးကြည့်ပါတယ်။ ကိုဘိုဘိုက ဆက်ပြောပြမှာပါ။