တူနီးရှားရေအောက်က ရှေးဟောင်းမြို့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူနီးရှားရေအောက်က ရှေးဟောင်းမြို့

  • 1 စက်တင်ဘာ 2017

တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းမှာ ရောမခေတ်တုန်းက ရှေးဟောင်းအပျက်အစီး အများအပြားကို ရေအောက်မှာ ရှာတွေ့ခဲ့ရပါတယ်။ ဒီအထောက်အထားတွေအရ ၄ ရာစုလောက်တုန်းက နီပိုလစ် မြို့တော်ဟာ ဆူနာမီလှိုင်းလုံးအောက် နစ်မြုပ်ခဲ့တယ်ဆိုတဲ့ အယူအဆကို အတည်ပြုပေးလိုက်သလို ဖြစ်ပါတယ်။ ဒီရှေးဟောင်းမြို့ရဲ့ အကြွင်းအကျန်တွေက နဘီယူ ကမ်းခြေမြို့အနီးတဝိုက်မှာ ဖြစ်ပါတယ်။ မြေထဲပင်လယ်ထဲမှာ ဟက်တာ ၂၀ လောက်အကျယ်အဝန်းအတွင်းမှာ လမ်းတွေ၊ တိုင်ကြီးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။