ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည်တွေ ဆက်ထွက်ပြေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည်တွေ ဆက်ထွက်ပြေး

  • 7 စက်တင်ဘာ 2017

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာဘက်ကနေ လူတစ်သိန်းခွဲနီးပါး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။ မြန်မာအစိုးရဘက်က ထုတ်ပြန်ရာမှာလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၂၆ နဲ့ ၃၅ ကြားမှာ ယာယီတဲတွေနဲ့ တရားမဝင် သွားရောက်နေထိုင်သူ ၃ သောင်းကျော် ရှိတယ်လို့ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေဟာ အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ အကူအညီပေးရေး လုပ်သားတွေက ပြောကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို တချို့က ရက်အတော်ကြာ ခြေလျှင် ထွက်ပြေးခဲ့ကြသလို တချို့က လှေတွေနဲ့ ထွက်လာကြတာ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ဆန်ဂျွိုင်းမဂျွန်ဒါရဲ့ သတင်းလွှာကို ရှုစားနိုင်ပါတယ်။