မလေးရှားကျောင်း မီးလောင်မှု လူ ၂၄ ဦး သေဆုံး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မလေးရှားကျောင်း မီးလောင်မှု လူ ၂၄ ဦး သေဆုံး

  • 14 စက်တင်ဘာ 2017

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က အစ္စလာမ်ဘာသာရေး ဘော်ဒါကျောင်းတစ်ခု မီးလောင်လို့ ဆယ်ကျော်သက် ကျောင်းသား ၂၂ ဦးနဲ့ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပါတယ်။ အခုမီးလောင်တဲ့ အဆောက်အအုံမှာ တံခါးက တစ်ခုပဲ တပ်ထားပြီး ပြတင်းပေါက်တွေကလည်း သံတိုင်တွေနဲ့ ကာထားတာ ဖြစ်လို့ ထွက်မပြေးနိုင်ပဲ ပိတ်မိ သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အသေးစိတ်ကို ကိုအောင်သွင်က ပြောပြမှာပါ။