ဒေါ်အောင်ဆန်းစုကြည်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရခိုင်မိန့်ခွန်း

  • 19 စက်တင်ဘာ 2017

ရခိုင်အရေးနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးကစောင့်မျှော်နားထောင်နေတဲ့ မိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့နေပြည်တော်မှာ ပြောကြားခဲ့ပါပြီ။ ဒီမိန့်ခွန်းကို ကမ္ဘာကသာမကပဲ တစ်နိုင်ငံလုံးက လူတွေကလည်း စောင့်မျှော်နားဆင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာတော့ ရခိုင်အရေးကို အဓိက ထားပြောသွားပါတယ်။ ရခိုင်ပြဿနာကိုင်တွယ်တဲ့နေရာမှာ ကျင့်ဝတ်နဲ့ကိုက်ညီအောင် ဆောင်ရွက်ဖို့ လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဘီဘီစီအကြီးတန်း သတင်းထောက် ကိုစောရန်နိုင် က ပြောပြမှာပါ။