ကာ့ဒ်ခွဲထွက်ခွင့် လူထုဆန္ဒခံယူပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာ့ဒ်ခွဲထွက်ခွင့် လူထုဆန္ဒခံယူပွဲ

  • 21 စက်တင်ဘာ 2017

နောက်တစ်ပတ်ဆိုရင် အီရတ်နိုင်ငံမှာ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ရှိပါတယ်။ အဲဒါကတော့ နိုင်ငံမြောက်ပိုင်းမှာ ကာ့ဒ်လူမျိုးတွေ သီးခြားပိုင်တဲ့ နေရာအဖြစ် ခွဲထွက်ခွင့် ပြုမပြုဆိုတာပါ။ ကာ့ဒ်လူမျိုးတွေက အီရတ်လူဉီးရေရဲ့ ငါးပုံတစ်ပုံရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာတော့ အိုက်အက်စ် စစ်သွေးကြွေတွေကို တိုက်ခိုက်ရာမှာ ကာ့ဒ်တပ်တွေက ရှေ့တန်းကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ကာ့ဒ်တွေ ခွဲထွက်သွားရင် အီရတ်မှာ နောက်ထပ် ပဋိပက္ခတစ်ခု ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အမေရိကန်ကလည်း နိုင်ငံ မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ မရီရီအောင် က ပြောပြမှာပါ။