လားရှိုးက ကားပြင်ဆရာမ မခင်စန်းရီ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှားရှားပါးပါး အမျိုးသမီး ကားဝပ်ရှော့ဆရာမ မခင်စန်းရီ

  • 2 အောက်တိုဘာ 2017

လေးစား အားကျ အတုယူစဖွယ် အမျိုးသမီး ၁ဝဝ အစီအစဉ်ကို ဘီဘီစီက တင်ဆက် ပေးနေပါတယ်။

ဒီတစ်ခေါက်မှာတော့ လူငယ် အမျိုးသမီး ကားဝပ်ရှော့ ဆရာမ မခင်စန်းရီ အကြောင်း နားဆင်ရမှာပါ။

အသက်၂၈ နှစ်အရွယ် မခင်စန်းရီက လားရှိုးဇာတိ ဖြစ်ပြီး အဲဒီမှာပဲ ကားဝပ်ရှော့ လုပ်ငန်းကို လုပ်နေတာ ၈ နှစ် ရှိပါပြီ။

အမျိုးသားတွေသာ လွှမ်းမိုးထားတဲ့ ကားလောက၊ ဝပ်ရှော့လောကမှာ အောင်မြင်မှု တစ်နေရာ ရရှိအောင် ကြိုးစားခဲ့တဲ့ မခင်စန်းရီက သူ့ဘဝ အတွေ့အကြုံတွေ အကြောင်း ဘီဘီစီ ပရိသတ်တွေကို မျှဝေထားပါတယ်။