စပိန်လွတ်လပ်ရေး ကြေညာနိုင်ဦးမလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စပိန်လွတ်လပ်ရေး ကြေညာနိုင်ဦးမလား

  • 9 အောက်တိုဘာ 2017

စပိန်နိုင်ငံမှာ ကက်တလန်ဒေသ အစိုးရဘက်က တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာမယ်ဆိုရင် ကက်တလန် လွတ်လပ်ရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြင်သစ်အစိုးရက ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ စပိန်နိုင်ငံထဲမှာ ဆက်နေဖို့ ဘာစီလိုးနားမှာ ချီတက်ဆန္ဒပြတဲ့သူတွေ သိန်းနဲ့ချီရှိပါတယ်။ ကက်တလန်အခြေအနေနဲ့ပတ်သက်ပြီး ကက်တလန်ခေါင်းဆောင် ကားလက်စ် ပုချ်ဒမွန့်က မနက်ဖြန် မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။ ဒါပေမယ့် တစ်ဘက်သတ် လွတ်လပ်ရေးကြေညာမယ့်ပုံတော့ မရှိသေးပါဘူး။ ကိုကျော်ဇေယျက ပြောပြမှာပါ။