အော်စကာအဖွဲ့က ဟာဗီ ဝိုင်းစတင်းန်အမှု ဆွေးနွေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အော်စကာအဖွဲ့က ဝိုင်းစတင်းအမှု ဆွေးနွေး

  • 12 အောက်တိုဘာ 2017

ဟောလီးဝုဒ် မင်းသမီး အများအပြားကို လိမ်မှုဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အမေရိကန် ရုပ်ရှင် ထုတ်လုပ်ရေးမှူး ဟာဗီ ဝိုင်းစတင်းနဲ့ပတ်သက်ပြီး US Academy အဖွဲ့က သူ့ရဲ့ အဖွဲ့ဝင် ဖြစ်မှုအပေါ် အရေးပေါ် အစည်းအဝေး ထိုင်နေပါတယ်။

US Academy ဆိုတာ အော်စကာဆု ချီးမြှင့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မစ္စတာ ဝိုင်းစတင်းနဲ့ ပတ်သက်တဲ့ အမှုက မနှစ်မြို့စရာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နယူးယောက် ရဲဌာနကလည်း စွပ်စွဲမှုတွေနဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်းတွေ ရှာဖွေနေကြပါတယ်။ ဒီအကြောင်း ဦးဘမော်က ပြောပြမှာပါ။