ဖိလစ်ပိုင်က မူးယစ်ပြန်လည်ထူထောင်ရေးစခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖိလစ်ပိုင်က မူးယစ်ထူထောင်ရေးစခန်း

  • 13 အောက်တိုဘာ 2017

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ရော်ဒရီဂို ဒူတာတေးလက်ထက်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေ၊ ရာဇဝတ်သားတွေကို ထောင်နဲ့ချီပြီး ကွပ်မျက်ခဲ့ပါတယ်။ မီဒီယာတွေ ကလည်း ဒီကွပ်မျက်မှု တွေကိုပဲ ဦးစားပေး ဖော်ပြနေပြီး အစိုးရရဲ့ မူးယစ်ဆေး သုံးစွဲသူ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေ အကြောင်း မဖော်ပြဘူးလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။ ဖိလစ်ပိုင်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းတစ်ခုကတော့ လူ တသောင်းတောင် ဆန့်တဲ့ စခန်းကြီးပါ။ ဒီအကြောင်း ကိုရင်မောင်က ပြောပြ ထားပါတယ်။