သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

NCA 2 နှစ်ပြည့် - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 14 အောက်တိုဘာ 2017

နားဆင်နိုင်ပြီ - NCA အပစ်ရပ်စာချုပ် ၂ နှစ်ပြည့် အကြောင်း ဆွေးနွေးခဲ့...

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ဖြစ်တဲ့ NCA ကို တိုင်းရင်းသား လက်နက် ကိုင် ၈ ဖွဲ့ လက်မှတ် ထိုး အကောင် အထည် ဖေါ်ခဲ့တာ အောက်တိုဘာ ၁၅ ရက် ဆိုရင် ၂ နှစ်ပြည့် ပြီ ဖြစ်ပေမယ့်၊ လက်မှတ် မထိုးသေးတဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ အတော် များများ ဒီ ၂ နှစ် အတွင်း ပါဝင် လာခြင်းမရှိ ပဲ အလုပ် မဖြစ်သေးတာ ဘာကြောင့် ပါလဲ။

ကျန်နဲ့ အဖွဲ့တွေပါ NCA စာချုပ် လက်မှတ်ထိုး နိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပီပြင်လာဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုနေပြီလဲ ဆိုတာ သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင် ဆွေးနွေးခဲ့ သူတွေ ကတော့.... နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ)၊ ဒေါက်တာ မင်းဇော်ဦး (Myanmar Institute for Peace and Secutiry အဖွဲ့ ဦးဆောင်ဒါရိုက်တာ)၊ ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ)တို့ ဖြစ်ကြ ပါတယ်။

အချိန် အတိုင်း အတာ ကြောင့် မပါလိုက် ရတဲ့ သူတွေကို အထူး တောင်းပန် အပ်ပါတယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း