လွတ်မြောက်လာတဲ့ မာရာဝီမြို့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်မြောက်လာတဲ့ မာရာဝီမြို့

  • 17 အောက်တိုဘာ 2017

ဖီလစ်ပိုင် တောင်ပိုင်းမှာ ဂျီဟတ်စစ်သွေးကြွတွေ သိမ်းထားတဲ့ မာရာဝီမြို့ကို အစိုးရတပ်တွေက ပြန်သိမ်းနိုင်ပြီလို့ သမ္မတ ရော်ဒရီဂို ဒူတာတေးက ကြေညာပါတယ်။ အိုက်အက်စ်အဖွဲ့ကို သစ္စာခံတဲ့ အစ္စလာမ္မစ်တွေက ဒီမြို့ကို သိမ်းထားတာ ၅ လနီးပါး ရှိနေပြီး ဒီမြို့ကို ပြန်ရဖို့ အစိုးရတပ်တွေက ပြင်းထန်တဲ့ စစ်ပွဲတစ်ခု ဆင်နွဲခဲ့ပါတယ်။ တိုက်ပွဲတွင်း လူ ၁၀၀၀ နီးပါးလောက်လည်း သေဆုံးခဲ့ပါတယ်။ အစ္စလာမ္မစ်ခေါင်းဆောင် ၂ ဦးလည်း သေဆုံးပြီဆိုတာ အတည်ပြုခဲ့ပြီးနောက် မစ္စတာ ဒူတာတေး ကိုယ်တိုင်လည်း မာရာဝီမြို့ကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားကလာတဲ့ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာမွတ် အာမက် အပါအ၀င် နောက်ထပ် စစ်သွေးကြွ ၂၀ ကျော်ကိုလည်း ဖီလစ်ပိုင် အစိုးရတပ်က ဆက်လက် ရှာဖွေတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ မာရာဝီက အခြေအနေအကြောင်း ကိုကျော်ဇေယျက ဆက်ပြောပြထားပါတယ်။