ထိုင်းဘုရင်မင်းမြတ် စျာပန စတင်ကျင်းပ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းဘုရင်မင်းမြတ် စျာပန စတင်ကျင်းပ

  • 25 အောက်တိုဘာ 2017

ပြီးခဲ့တဲ့နှစ်က နတ်ရွာစံ ကံတော်ကုန်ခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ရဲ့စျာပနအခမ်းအနား ကျင်းပချိန်ရောက်ပြီ ဖြစ်ပါတယ်။ ဘုရင်ကြီးအတွက် ပူဆွေးဝမ်းနည်း နေကြတဲ့ အထိမ်းအမှတ် အဖြစ် အနက်ရောင် ဝတ်ထားတဲ့ ထိုင်းပြည်သူတွေ လည်း ထိုင်းနိုင်ငံက ဘန်ကောက်မြို့တော် ကိုစုဝေး ရောက်လာနေကြပါပြီ။

ဘုရင်မင်းမြတ်ကို ကြာသပတေးနေ့မှာ သင်္ဂြိုလ်မှာ ဖြစ်ပေမယ့် ဒီနေ့က စလို့ ပဏာမ အစီအစဉ်တွေကို စတင်ကျင်းပ နေကြပြီ ဖြစ်ပါတယ်။ ဒီလို မင်းခမ်းမင်းနားနဲ့ စျာပနကျင်းပဖို့ အတွက်ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ဘုရင်ကြီး ကံတော်ကုန်ပြီးစက စလို့ စီစဉ် လာခဲ့ကြတာ ဖြစ်ပါတယ်။

ကိုမင်းထက် က ပြောပြမှာပါ။