အီရန် ငလျင်ကြီး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရန် ငလျင်ကြီး

  • 13 နိုဝင်ဘာ 2017

အီရတ်နဲ့ နယ်စပ်ချင်း ကပ်နေတဲ့ အီရန်နိုင်ငံဘက်အခြမ်း တောင်တန်းဒေသမှာ မြေငလျင်ကြီး လှုပ်ခတ်ခဲ့လို့ အခုချိန်ထိ လူပေါင်း ၃၅၀ လောက် သေဆုံးပြီး လူ ထောင်နဲ့ ချီပြီး ထိခိုက် ဒဏ်ရာရသွားပါတယ်။ အီရတ်မှာလည်း လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ပြင်းအား ရစ်တာ စကေး ၇.၃ ရှိတဲ့ ငလျင်ဟာ ဟာလက်ဘ်ဂျာ ရဲ့ တောင်ဘက် ကီလိုမီတာ ၃၀ လောက်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ ငလျင်ရဲ့ အရှိန်ကို လက်ဘနွန်နဲ့ တူရကီတွေဘက်ထိ ခံစားခဲ့ရပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ဆက်ပြောပြထားပါတယ်။