စစ်သင်္ဘောကြီးပေါ်က အမေရိကန် စစ်ရေး ပြင်ဆင်မှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စစ်သင်္ဘောကြီးပေါ်က အမေရိကန် စစ်ရေး ပြင်ဆင်မှု

  • 13 နိုဝင်ဘာ 2017

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဆက်စပ်နိုင်ငံများရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေပါတယ်။ ဒီအတော်အတွင်းမှာပဲ မ္စတာ ထရမ့်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကို တွစ်တာကနေ တိုက်ခိုက်ခဲ့ပါတယ်။ တစ်ဘက်မှာလည်း ဂျပန်ပင်လယ်ပြင်မှာ USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီးနဲ့အတူ စစ်ရေးအင်အားပြတာတွေ လုပ်နေပါတယ်။ ဒီစစ်သင်္ဘောကြီးပေါ်ကနေ ပေးပို့တဲ့ ဘီဘီစီရဲ့ သတင်းလွှာကို ကိုဝေဖြိုးက ပြန်ပြောပြ ထားပါတယ်။