အဘူဒါဘီရောက် လုဗ် ပြတိုက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဘူဒါဘီရောက် လုဗ် ပြတိုက်

  • 13 နိုဝင်ဘာ 2017

ကမ္ဘာ့ အနုပညာလောကမှာ နာမည်အကြီးဆုံး ပြတိုက်တွေထဲက တစ်ခုဖြစ်တဲ့ ပြင်သစ်က ပြတိုက်ကြီးတစ်ခုဟာ အခုဆိုရင် အရှေ့အလယ်အပိုင်းမှာ ကိုယ်ပွားပြတိုက်တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ ပဲရစ်က လုဗ် ပြတိုက်ဟာ အဘူဒါဘီမြို့မှာ လုဗ် အဘူဒါဘီဆိုတဲ့ နာမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ လုဗ်ပြတိုက်ဆိုတဲ့ နာမည်ကိုအနှစ် ၃၀ နဲ့ ငှားရမ်းဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဒီပြတိုက်က အနုပညာ လက်ရာ တစ်ဝက်လောက်က ပြင်သစ်နိုင်ငံက ယူလာတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဒီပြတိုက်သစ်ကြီး အကြောင်းကို ကိုရင်မောင်က ပြောပြထားပါတယ်။