တပ်မတော်ထုတ်ပြန်ချက် အမှန်နဲ့ ကင်းကွာလို့ လူ့အခွင့်အရေးအဖွဲ့ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပ်မတော်ထုတ်ပြန်ချက် အမှန်နဲ့ ကင်းကွာလို့ လူ့အခွင့်အရေးအဖွဲ့ပြော

  • 14 နိုဝင်ဘာ 2017

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက် မှုတွေ မလုပ်ခဲ့ဘူးလို့ တပ်မတော် စုံစမ်း စစ်ဆေးရေး အဖွဲ့ ရဲ့ သတင်း ထုတ်ပြန်ချက် ဟာ အမှန် တရားနဲ့ ကင်းကွာ နေတယ်လို့ လူအခွင့် အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး HRW က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီ့မှာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာတွေ၊ အိမ်တွေကို မီးရှို့ ဖျက်ဆီး တာတွေနဲ့ ရွာသားတွေ ထွက်ပြေးအောင် စစ်တပ် က တမင်သက်သက် ရည်ရွယ် တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့လည်း သူတို့ က ဆိုပါတယ်။

တပ်မတော် ဘက် ကတော့ အမိန့် ဥပဒေ အတိုင်း တစ်သွေ မတိမ်း လေးစား လိုက်နာပြီး လုံခြုံရေး ရှင်းလင်းမှုတွေကို ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန် ထားပါတယ်။

တပ်မတော် စုံစမ်း စစ်ဆေးရေး အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ လ ကုန်ပိုင်း ကနေပြီး နိုဝင်ဘာလ ပထမ ပတ်အထိ မောင်တော ဒေသက ရွာ ပေါင်း ၅၈ ရွာက ရွာသား သုံးထောင် ကျော်ကို စစ်ဆေး မေးမြန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ ကိုကျော်ဇေယျက ဆက်ပြောပြပေးမှာပါ။