ကမ္ဘောဒီးယားက ညီညွတ်ရေး ဆုတောင်းပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘောဒီးယားက ညီညွတ်ရေး ဆုတောင်းပွဲ

  • 4 ဒီဇင်ဘာ 2017

ပြီးခဲ့တဲ့ လ ပိုင်းတွေ အတွင်းမှာ ကမ္ဘောဒီးယားရဲ့ဒီမိုကရေစီ စနစ်ဟာ နောက်ကြောင်း ပြန်လှည့်သလို ဖြစ်သွားခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီ အပိတ်ခံရသလို သူ့ခေါင်းဆောင်တွေလည်း အဖမ်းခံရတဲ့ လူက ခံရ၊ ပြည်ပကို ပြေးတဲ့လူက ပြေးနဲ့ ဖြစ်ခဲ့ရပါတယ်။ ကမ္ဘောဒီးယားကို ကာလရှည် အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အမေရိကန်က သူ့အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ ခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းမှာတော့ သူက အန်ကောဝပ်မှာ အနာဂတ်ညီညွတ်ရေးအတွက် ဆုတောင်းပွဲကြီး တပွဲကို ကျင်းပခဲ့ပြန်ပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။