အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်

  • 5 ဒီဇင်ဘာ 2017

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကြီးကို စတင်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နဲ့ရုရှားတို့က တားနေတဲ့ကြားကပဲ လေ့ကျင့်ကြတာဖြစ်ပြီး လေယာဉ်ပျံ ၂၀၀ ကျော်နဲ့ တပ်ဖွဲ့ဝင် ၁၂၀၀၀ ပါဝင်ပြီး အကြီးဆုံးစစ်ရေး လေ့ကျင့်မှုကြီး တခုလည်း ဖြစ်ပါတယ်။

အမေရိကန်က ကိုရီးယား ကျွန်းဆွယ် အတွင်း လုံခြုံ ငြိမ်းချမ်းမှု ရှိစေဖို့ နဲ့ တိုက်ပွဲဝင်စွမ်းရည် တိုးမြှင့်ဖို့တွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ပြီး သတင်းတပတ် အတွင်းမှာပဲ အခုလို စစ်ရေးလေ့ကျင့်မှုကို စတင် လိုက်တာဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။