ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင် ဂေဟစနစ် ထိန်းသိမ်းရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင် ဂေဟစနစ် ထိန်းသိမ်းရေး

  • 5 ဒီဇင်ဘာ 2017

ကမ္ဘာ့အကြီးဆုံး ကာကွယ်ထိန်းသိမ်း ထားတဲ့ သမုဒ္ဒရာ ရေပြင်ကို နယူးဇီလန် ရေတပ်သင်္ဘောတွေက စတင်ကင်းလှည့် စောင့်ကြပ်နေပြီ ဖြစ်ပါတယ်။ ဒီ အန္တာတိက ဘက်က ရော့စ်ဆီး လို့ခေါ်တဲ့ ရေပြင်ထဲက သဘာဝ ဂေဟ စနစ်တွေကို ထိန်းသိမ်းရေး အတွက် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ အပါအဝင် နိုင်ငံ အများအပြားနဲ့ သဘောတူညီချက် ရယူထားပြီး အခုလို စီစဉ်တာ ဖြစ်ပါတယ်။

နောက်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုး သက်ရောက်မှုတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေ အတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။