တူရကီ သမ္မတ ဂရိကို လာရောက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီ သမ္မတ ဂရိကို လာရောက်

  • 7 ဒီဇင်ဘာ 2017

တူရကီ သမ္မတ ရာဂျစ်တာယက်အာဒိုဝန်ဟာ ဂရိနိုင်ငံကို ရောက်ရှိလာပါတယ်။ ဒါဟာ နှစ်ပေါင်း ၆၅ နှစ်အတွင်းမှာ တူရကီ နိုင်ငံခေါင်းဆောင်တဦး ပထမဆုံးအကြိမ် ဂရိနိုင်ငံကို ရောက်ရှိ လာခြင်းဖြစ်ပါတယ်။

အဲဒီ ၂ နိုင်ငံ အကြားမှာ ဆက်ဆံရေးက နှစ်ပေါင်းများစွာ မပြေလည် ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဆိုက်ပရပ်စ်ကျွန်းကိစ္စပါ။

အခုလာရောက်တဲ့ခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်တယ်လို့ တူရကီအာဏာပိုင်တွေက စွပ်စွဲထားတဲ့ ဂူလမ် လှုပ်ရှားမှု အဖွဲ့ဝင်တချို့ကို တူရကီကို ပြန်ပို့ရေး ကိစ္စတွေလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မရီရီအောင်က ပြောပြမှာပါ။