ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 30 ဒီဇင်ဘာ 2017

နားဆင်နိုင်ပါပြီ။ နှစ်သစ်မှာ ဘယ်လို သန္နိဋ္ဌာန်ချ ဆောင်ရွက်မလဲ ဆွေးနွေးခဲ့

(အဆိုတော် ဇော်ဝင်းထွဋ် )… တနှစ် တနှစ်ကို ခဏလေး ဖြုတ်ကနဲ ကုန်သွားတာကို…..ရှေ့နှစ်ဘာလုပ်မှာ ထက်ကို မနက်ဖြန်ဘာလုပ်မလဲ ဆိုတာ စဉ်းစားရတဲ့ အရွယ်ရောက်နေပြီ……ကိုယ့်ပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့ လူတယောက် ဖြစ်အောင်…..

(ကိုနေဦးကျော်) ….အင်္ကျ ီတွေက အစ အားလုံး ပြောင်းလဲလိုက်တယ်….အရမ်းကို ကလေးဆန်တဲ့ အင်္ကျ ီ မဝတ်တော့ဘူး…..

(လူရွှင်တော် ကိုမေတ္တာ) မြန်မာ တပြည်လုံး အေးချမ်းသာယာပြီး တိုးတက်တဲ့ မြန်မာ နိုင်ငံဖြစ်အောင် ကျနော်တို့ဟာ အုတ်တချပ် သဲတပွင့် ပမာ ကူညီဆောင်ရွက်ချင်တယ်….

(ဒေါက်တာ ဒေါ်နွဲ့နွဲ့ဝင်း)နှစ်ဦး ပထမ တလ နှစ်လ လောက်မှာ စိတ်ထက်သန် သလောက် နောက်ပိုင်းမှာ အဖျားရှူးတတ်ပါတယ်….

ဘီဘီစီ ပရိသတ်တွေရဲ့ သဘောထား မှတ်ချက်တွေကို ကြိုဆိုပါတယ်…..

နှစ်ဟောင်းကုန်လို့ နှစ်သစ် အချိန်အခါရောက်ပြီဆိုရင် နှစ်ဟောင်းက အတွေ့အကြုံ တွေကို ယူကာ၊ နှစ်သစ် အတွက် ရည်မှန်းချက်တွေ ထားရှိပြီး အောင်မြင်အောင် ဆောင်ရွက် လေ့ရှိကြပါတယ်။

၂၀၁၈ နှစ်သစ်မှာ ဘယ်လို နှစ်သစ် သန္နိဋ္ဌာန်တွေကို ချမှတ် ပြီး၊ အဲဒီ ရည်မှန်း ချက်တွေ အောင်မြင်အောင် ဘယ်လို လုပ်ဆောင်ဖို့ရှိကြသလဲ ဆိုတာ သောတရှင် တို့ ကိုယ်တိုင် အနုပညာ ရှင်တွေနဲ့ အတူ ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုသက်ထွေးနိုင် တင်ဆက်ထားပါတယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း

ဆက်စပ် အကြောင်းအရာများ