အမေရိကန်က ပါလက်စတိုင်းကို ဘဏ္ဍာရေး အကူရပ်မယ်လို့ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်က ပါလက်စတိုင်းကို ဘဏ္ဍာရေး အကူရပ်မယ်လို့ပြော

  • 3 ဇန်နဝါရီ 2018

ပါလက်စတိုင်း တွေကို ပေးနေတဲ့ဘဏ္ဍာရေး အထောက်အပံ့တွေကို ပြန်ရုတ်သိမ်းကောင်းရုတ်သိမ်းမယ်လို့ အမေရိကန် အစိုးရ ဘက်က ခြိမ်းခြောက်လာတဲ့အပေါ်မှာ ပါလက်စတိုင်း အာဏာပိုင်တွေဘက်က ဒေါသတကြီးတုန့်ပြန်လိုက်ပါတယ်။ သမ္မတ မာမုဒ် အာဘတ်စ်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်မယ်လို့ ဆိုထားတာနဲ့ပတ်သက်လို့ ဂျေရုဆလင်ဟာ ရောင်းကုန်မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ မစ္စတာ ထရမ့်ကလည်း ပါလက်စတိုင်းတွေကို အမေရိကန်က ဒေါ်လာ ဘီလျံချီအကူအညီတွေပေးခဲ့ပေမယ့် လိမ်လည်လှည့်ဖျားမှုတွေသာ ပြန်ရခဲ့တယ်လို့ ပြောပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ