မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာတွေ ပြန်ခေါ်ရေး သဘောတူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာတွေ ပြန်ခေါ်ရေး သဘောတူ

  • 16 ဇန်နဝါရီ 2018

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ တပတ်ကို အယောက် ၁၅၀၀ ပြန်ခေါ်ဖို့ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။ လာမယ့် အင်္ဂါနေ့ မှာ ပထမအသုတ်အဖြစ် ဒုက္ခသည် ၃၀၀ ကို စတင်လက်ခံမှာ ဖြစ်ပါတယ်။

ဒီအတွက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ၂ နှစ်အတွင်း ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘင်ဂ်လားဒေ့ရှ်ဘက် ပြောပါတယ်။ ဘင်္ဂလားရှေ့ နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူ ဟတ်ခ် က သူတို့အနေနဲ့ တပတ်ကို ၁ သောင်းခွဲ ပြန်ပို့ဖို့ ပြောခဲ့ပေမယ့် မြန်မာဘက်က တရက်ကို ၃၀၀ ပဲယူမယ် ပြောခဲ့တာကြောင့် တ ပတ် ထောင့်ငါးရာနှုန်းနဲ့ ပြန်ပိုပြီး ၃ လပြည့်တဲ့အခါ ပြန်ပြီးသုံးသပ်မယ်လို့ ပြောပါတယ်။

ကုလသမဂ ဒုက္ခသည် အေဂျင်စီ ပြောခွင့်ရသူကတော့ ဒုက္ခသည်တွေ အနေနဲ့ သူတို သဘောလျောက် ပြန်တာမျိုး ဖြစ်ရမယ်။ သူတို့ အတွက် လုံခြုံ စိတ်ချရဖို့ သေချာအောင်လုပ်ရမယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ကောက်ဆက်ဘဇား မြို့အနီးဒုက္ခသည်စခန်းမှာတော့ လူပေါင်း ၅ သိန်း ၇ သောင်းလောက်ရှိနေပါတယ်။ အဲဒီက အခြေအနေတွေအကြောင်း ဘီဘီစီ သတင်းထောက် မီရှဲလ်ဟူစိန်ရဲ့သတင်းကို မစိုးစိုးထွန်းက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ