ရိုဟင်ဂျာစာအုပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ် စာအုပ်ထုတ်မယ်

  • 28 ဇန်နဝါရီ 2018

ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ် ဆိုတဲ့ သမိုင်းစာအုပ်ကို ရေးသားပြုစုနေတာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး မြန်မာဘာသာနဲ့ သာမက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဦးအောင်ကိုက ပြည်တွင်းမီဒီယာတခု နဲ့ မေးမြန်းမှုမှာ ပြောဆိုထားပါတယ်။

၂ဝ၂ဝ ပြည့်နှစ်မှာ ထုတ်ဝေဖို့ ရည်မှန်းထားတဲ့ အဲဒီစာအုပ်ကို နိုင်ငံသမိုင်း သုတေသနဌာနက ပြုစုနေတာဖြစ်ပြီး ပညာရှင် ၅ ဦးက ကဏ္ဍအလိုက် ကျမ်းကိုးကျမ်းကားတွေနဲ့ ပြုစုဖို့ သီးခြားတာဝန်ပေးထားတယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းမှာ အခြေစိုက်ပြီး မြန်မာသမိုင်းအဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာ မြင့်သိန်းကို ခေတ်အလိုက်သမိုင်းနဲ့ ရိုဟင်ဂျာအဆက်အစပ်အပေါ် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ