စီအိုင်အေ အကြီးအကဲနဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီအိုင်အေ အကြီးအကဲနဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်း

  • 31 ဇန်နဝါရီ 2018

အမေရိကန်ဗဟိုထောက်လှမ်းရေး စီအိုင်အေရဲ့အကြီးအကဲက နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေ အတွင်းမှာလည်း ရုရှားဟာ ပါဝင်ခြေရှုပ်ဖို့ ကြိုးစားဦးမှာပဲ လို့ မျှော်လင့်ထားတဲ့အကြောင်း ဘီဘီစီ ကိုပြောပါတယ်။ သူ့ရဲ့ပထမဆုံး ပြည်ပ သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မိုက်ပွန်ပေယိုက မြောက်ကိုရီးယားဟာလည်း မကြာခင် လပိုင်းတွေ အတွင်းမှာပဲ အမေရိကန်အထိတောင် နျူကလီးယားလက်နက် ပစ်လွှတ်နိုင်မယ့် အခြေအနေမျိုးကို ရောက်လာနိုင်တယ်လို့ ထင်ကြောင်းပြောပါတယ်။ နောက်ပြီး သမ္မတ ထရမ့်ဟာ သူ့တာဝန်သူ မနိုင်မနင်းဖြစ်နေတယ်လို့ ပြောနေကြတာတွေလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သလို တရုတ်နဲ့အီရန်တို့နဲ့ ပတ်သက်လို့လည်း စိုးရိမ်မိတဲ့ အကြောင်းပြောပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ