အာဖဂန်အတွင်းက ဖမ်းဆီးစစ်ဆေးမှုတွေ စစ်ရာဇ၀တ်မှု မြောက်သလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန်အတွင်းက ဖမ်းဆီးစစ်ဆေးမှုတွေ စစ်ရာဇ၀တ်မှု မြောက်သလား

  • 1 ဖေဖော်ဝါရီ 2018

အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာဟာ နှစ်ပေါင်း ၄၀ လောက်ရှိလာပြီဖြစ်ပြီး ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာလည်း သွေးထွက်သံယို တိုက်ခိုက်မှုတွေ ကာဘူးလ်မြို့တော်မှာ ဖြစ်ပွားခဲ့ပါတယ်။

တဘက်မှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး အိုင်စီစီ က အဲဒီ အာဖဂန်အတွင်းမှာ ဖမ်းဆီးစစ်ဆေး ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှု မြောက်သလား ဆိုတာကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုကတော့ အိုင်စီစီ ထဲမှာ ပါဝင်လက်မှတ်ထိုးတာမျိုး မရှိသလို သူ့နိုင်ငံသား တွေကို စစ်ဆေး တာမျိုးတွေ လုပ်လာခဲ့ရင် အမေရိကန် အာဏာပိုင်တွေ အနေနဲ့တနည်းမဟုတ်တနည်းနဲ့ လွတ်မြောက်အောင် ကယ်တင်နိုင်ခွင့် ပြုထားတာဖြစ်ပါတယ်။

ဘီဘီစီက အဲဒီဖမ်းဆီးစစ်ဆေး ခံရတာတွေနဲ့ကြုံခဲ့ရသူ တချို့နဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။ သူတို့ ပြောပြခဲ့တာတွေ ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးထားပါရစေ။ ကိုထက်အောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ