အောင်လ အောင်ပွဲ အတွက် မိုးစက်ဝိုင်ရဲ့ ဂုဏ်ပြုစကား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောင်လ အောင်ပွဲ အတွက် မိုးစက်ဝိုင်ရဲ့ ဂုဏ်ပြုစကား

  • 23 ဖေဖော်ဝါရီ 2018

ဖေဖော်ဝါရီ ၂၃ ရက် ည ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲမှာ One Championship က ကျင်းပတဲ့ Mixed Martial Arts (MMA) ကိုယ်ခံပညာပေါင်းစုံ အသုံးပြုကစားရတဲ့ ပြိုင်ပွဲရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သူ ကချင်ပြည်နယ်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒား မချာဒိုကို ပထမ အချီ ၅၆ စက္ကန့်မှာတင် ခြေထောက်ကန်ချက်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူပြီး One Championship ရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ကစားတဲ့ အခြား နာမည်ကြီး ကစားသမားလည်း ဖြစ် MMA ရှုံးပွဲ မရှိသေးသူလည်းဖြစ်တဲ့ ဖိုးသော်ကလည်း သူ့ရဲ့ ပြိုင်ဘက် ကမ္ဘောဒီးယား Sor Sey ကို ပထမအချီ ၁ မိနစ် ၃၅ စက္ကန့်မှာပဲ ခြေထောက်ကန်ချက်နဲ့ အလဲကန် အနိုင်ယူသွားခဲ့ပါတယ်။

ဒီညပွဲကို လာရောက် အားပေးခဲ့တဲ့ မြန်မာအလှမယ် Miss Universe Myanmar ၂၀၁၃ မိုးစက်ဝိုင်နဲ့ မော်ဒယ် အွန်ဆိုင်းတို့က နိုင်ပွဲရသူတွေ အတွက် အခုလို ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ