လမ်းဖွင့်ပေးမယ်ပြောလည်း ပိတ်မိနေဆဲ ဆီးရီးယား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လမ်းဖွင့်ပေးမယ်ပြောလည်း ပိတ်မိနေဆဲ ဆီးရီးယား

  • 6 မတ် 2018

ဆီးရီးယားနိုင်ငံ အရှေ့ဂူတာရဲ့ အစိတ်အပိုင်းတစ်ခုအတွင်းမှာ ပိတ်မိနေတဲ့ သူပုန်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံစွာ ဆုတ်ခွာထွက်သွားနိုင်မယ့် လမ်းကြောင်းတစ်ခု ဖွင့်ပေးမယ်ဆိုပြီး ရုရှားကနေ သူပုန်တွေဆီကို ကမ်းလှမ်းထားပါတယ်။ အရင်နေ့ကတော့ တိုက်ပွဲတွေကြောင့် လူသားချင်းစားနာမှု အကူအညီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းဟာ ရှေ့ဆက်မသွားနိုင်ပဲ လမ်းကနေ လှည့်ပြန်ခဲ့ရပါတယ်။ ရုရှားဘက်က အဲဒီလို ကမ်းလှမ်းပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ဒီဒေသကနေ အပြင်ထွက်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒီနှစ် တိုက်ပွဲတွေအတွင်း ခုချိန်ထိ ကလေး တစ်ထောင်သေဆုံးခဲ့ပြီးပြီလို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်အရာ ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ကလည်း ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိဆိုးရွားတဲ့အခြေအနေက ပုံမှန်လို ဖြစ်လာနေတယ်လို့ ဖော်ပြပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ