ကင်မ်ကို တွေ့ဖို့ သဘောတူတာ စောသလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကင်မ်ကို တွေ့ဖို့ သဘောတူတာ စောသလား

  • 9 မတ် 2018

လအတော်ကြာ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးဟာ အခုတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ သဘောတူလိုက်ပါပြီ။ ဒီအစည်းအဝေးကနေ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး လမ်းကြောင်းမှာ တိုးတက်မှုတွေ အများကြီး လုပ်နိုင်မယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမယ့် နျူကလီးယားလက်နက်ဖြုတ်သိမ်းဖို့ မြောက်ကိုရီးယားဘက်က တိတိကျကျ ကတိမပေးသေးခင် အခုလို တွေ့ဆုံဆွေးနွေးဖို့က သဘောတူတာက စောလွန်းသေးတယ်၊ မြောက်ကိုရီးယားကို အသာစီးပေးလိုက်သလို ဖြစ်မယ်လို့ တချို့က သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုထက်အောင်က ပြောပြမှာပါ။