UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါက်တာ အောင်ထွန်းသက်နဲ့ မေးမြန်းခန်း

  • 15 မတ် 2018

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲချက်တွေနဲ့ ဖိအားတွေ များလာနေတဲ့ အပေါ် မြန်မာ ဘက်က ကိုင်တွယ် တုံ့ပြန် ဆောင်ရွက်နေရာမှာ ချဉ်းကပ်ပုံ နည်းလမ်း ပြောင်းလာတာ တွေ့ရပါတယ်။

ဒီကြားထဲမှာပဲ အဲဒီ ဖိအားတွေက လျော့ကျ မသွားသေးဘူး ဆိုတော့ အစိုးရပိုင်း အနေနဲ့ ဘယ်လို ဆောင်ရွက်မှာပါလဲ၊

ဒီအရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက် လုပ်ဆောင်နေသူက ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှုအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် ဖြစ်ပါတယ်။

မကြာသေးခင်က ဘာလင်နဲ့ ဂျီနီဗာတို့ကို သွားခဲ့တုန်းက ဘာတွေ ရှင်းလင်းပြောခဲ့တာပါလဲ မေးကြည့်ခဲ့ပါတယ်။