ရုရှားကို နိုင်ငံကြီးတစ်ချို့က  ပြစ်တင်ရှုတ်ချ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှားကို နိုင်ငံကြီးတစ်ချို့က ပြစ်တင်ရှုတ်ချ

  • 15 မတ် 2018

ဗြိတိန်တောင်ပိုင်း ဆော်ဘရီမြို့မှာ သူလျှိုဟောင်း တစ်ဦးကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခဲ့တာကို ရှုတ်ချတဲ့အကြောင်း ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေက ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မနေ့တုန်းက ချမှတ်ခဲ့တဲ့ ရုရှားသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နိုင်ငံက ထွက်ခွာသွားဖို့ ဗြိတိန်တို့ရဲ့ ဆုံးဖြတ်ချက်ကို တုန့်ပြန်တဲ့အနေနဲ့ ရုရှားတို့ကလည်း ဗြိတိန် သံတမန်တွေကိုနှင်ထုတ်သွားဖို့ စီစဉ်နေပါတယ်။ ဗြိတိန်တောင်ပိုင်း ဆော်စဘယ်ရီမြို့မှာ ရုရှား သူလျိုဟောင်းနဲ့ သမီးဖြစ်သူတို့ကို အဆိပ်နဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်တို့က ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တစ်လှေကြီး ချမှတ်ခဲ့ပါတယ်။ ဒီအကြောင်း ကိုသက်ထွေးနိုင်က ပြောပြပေးမှာပါ။