သမ္မတ ဦးထင်ကျော် တာဝန်က နှုတ်ထွက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ ဦးထင်ကျော် တာဝန်က နုတ်ထွက်

  • 21 မတ် 2018

ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိတာဝန်ကနေ အနားယူလိုတဲ့အတွက် မတ်လ ၂၁ ရက်နေ့၊ ဒီကနေ့ က စပြီး တာဝန် ထမ်းဆောင် နေမှု ကနေ နုတ်ထွက်သွားပါတယ်။

အသက် ၇၁ နှစ် အရွယ် သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပေမ့ ယ္နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဦးထင်ကျော် ကျန်းမာရေး ကောင်းမွန်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တာဝန်ယူအပြီး ၂ နှစ်အကြာမှာပဲ လက်ရှိသမ္မတ တဦး နုတ်ထွက်သွား အနာယူသွားခြင်းဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ဌာနမှူး ဦးမင်းထက်ကို မေးကြည့်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ